Sunday, August 11, 2013

စူပါတိုင်ဖွန်းမုန်တိုင်း



စူပါတိုင်ဖွန်းမုန်တိုင်း UTOR (Labuyo) ဒီနေ့မနက်ဖိလစ်ပိုင်စံတော်ချိန် မနက် ၃း၀၀ နာရီမှာ (Landfall) ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကိုစတင်ဝင်ရောက်တိုက်ခတ်နေပြီး စူပါတိုင်ဖွန်း CAT-4 မှ အင်အားပြင်း CAT-3 အဆင့်သို့ကျဆင်းသွားပါတယ်။

MMweather Page

၇ ရက်သားသမီးအဟော

၈. ၈ . ၂၀၁၃ မှ ၁၄ . ၈ .၂၀၁၃ ထိ

တနင်္ဂနွေသားသမီး 
မိတ်ဆွေ ဟောင်းများနှင့် အမှတ်တမဲ့ ပြန်လည် ဆုံတွေ့ရ တတ်ပါသည်။ မိတ်ကောင်း ဆွေကောင်းများနှင့် တွေ့ဆုံရ ပါလိမ့်မည်။ မိမိမျှော်လင့် မိထားသော အတိုက်အခံရန် များနှင့်လည်း ကြုံရပါလိမ့်မည်။ စီးပွားရေး လုပ်ငန်းများ တိုးတက်ကောင်းမွန် ပါမည်။ ပျောက်ဆုံးနေခဲ့သော ပစ္စည်းများ ပြန်လည် ရရှိပါလိမ့်မည်။ အလုပ်ကိစ္စများ အတွက် စိတ်ချမ်းသာ စရာကောင်းဆုံး အချိန်ဖြစ်ပါသည်။ မိမိဖြစ်ချင်သည့် ကိစ္စများ၊ လုပ်ချင်လိုသော လုပ်ငန်များအား နည်းနည်း ကြိုးစားလျှင် များများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ အချစ်ရေးတွင် ချစ်သူသည် အချစ်ရေးကိစ္စ အစုံအညီတွင် အပြစ်မတွေး စိတ်ချ၍ ယုံကြည်နိုင်သော အခြေအနေ ဖြစ်စေကြောင်း သိသာရ စေပါလိမ့်မည်။ မိမိအနေဖြင့် ရည်စား မရှုပ်ပါနှင့် ၊ သီးခြား အလုပ်အဖြစ် အချိန်ပေး အပြစ်လုပ် မိပါလျှင် ကိုမချစ်ကိုယ် ကျန်ဖြင့် ကိုယ်ဖြစ် ကိုယ်ခံ ကြုံရ ပါလိမ့်မည်။
 
တနလာၤသားသမီး
ပတ်ဝန်းကျင်၏ မဟုတ်မမှန် လုပ်ကြံ ကျီဆယ်မှု၊ မကောင်းကြံစည်မှု၊ မလိုမုန်းထားမှု များကြောင့် စကားများ ရန်ဖြစ်ရမှု များကြုံရပါလိမ့်မည်။ အတူနေ ထိုင်ကြသူ အချင်းချင်းလည်း စည်းလုံး ညီညွှတ်မှု အားနည်းနေမည်။ အမြင်မကြည် လင်မှု များရှိနေ ပါလိမ့်မည်။ လက်ထဲတွင် ဥစ္စာငွေကြေး မမြဲတတ်ပါ။ ငွေအစုလိုက် အပုံ လိုက်ဖြင့် ထွက်တတ် ပါသည်။ ခရီးယာယီ ရှောင်ပါ။ အကြံအစည် စိတ်ကူးများ ပျက်စေ တတ်ပါသည်။ အရာရာတွင် ကြည့်နေ၊ ကြည့်စား၍ သတိထားသင့်သော ကာလဖြစ် ပါသည်။ အချစ်ရေးတွင် မိမိအနေဖြင့် ရွေးချယ် ထားမိသူမှ ရင်ဖွင့်ကာ ပြောလေမလား ဟူ၍ အဆင်သင့်စွာ သဘော အနေအထား လေ့လာမိ သည့်တိုင် ထူးခြားမှုမပြ သိသာမှု မရှိပါသော အခြေအနေ ဖြစ်ခဲ့ပါလျှင် အချိန်ကုန် မခံပါနှင့်၊ အလွယ်စာရင်းဆွဲ၍ သူငယ်ချင်း ထဲမှသာ ရွေးချယ်ဖြစ်ရန် စဉ်းစားပါ။
 
အင်္ဂါသားသမီး
စိတ်ပြေ လက်ပျောက် ခရီးထွက်လိုသော်လည်း မည်သည့်နေရာသို့ သွားရမည်ဟူ၍ မသိဘဲ ဖြစ်နေပါလိမ့်မည်။ သူတစ်ပါးကိစ္စ အတွက် အာမခံခြင်း၊ စာချုပ် စာတမ်းများတွင် လက်မှတ် ရေးထိုးခြင်းများအား ရှောင်ရပါလိမ့်မည်။ လူလိမ် ရွှေလိမ် ခံရပါလိမ့်မည်။ စီးပွားရေး ပြေလည်၍ လုပ်ငန်းများ အောင်မြင်မှု ရရှိပါ လိမ့်မည်။ အာရုံကြောနှင့် ဆိုင်သော ဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါသည်။ မိတ်ဆွေများ၏ မှီခိုအားထားမှု၊ ယုံကြည်လေးစားမှု ခံရပါ လိမ့်မည်။ အချစ်ရေးတွင် ချစ်သူ၏ နှစ်ဖက်ရပ် မမှန် တစ်ဖက် သက်ဆန်သော ညှိနှိုင်း ရရှိရန် ခက်ခဲနေခြင်းမျိုး ကြုံရပါလိမ့်မည်။
 
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးနံနှင့် စပ်လျဉ်းသည့် မကောင်းသတင်း များကြားသိရ တတ်ပါသည်။ မိမိနေထိုင်ရာ ဒေသမှ ဝေးသော ဒေသများသို့ သွားရောက်ရ တတ်ပါသည်။ ဝန်ထမ်းများ ရာထူးတိုး စာမေးပွဲ အောင်မြင်မှု ရရှိပါလိမ့်မည်။ ပညာရေး တွင်အထူး ကံကောင်း ပါလိမ့်မည်။ ယခင်က မရဘူးသော လာဘ်လာဘများ ရရှိပါလိမ့်မည်။ ကုန်သွယ်ခြင်း ဆိုင်ရာ လုပ်ငန်းနှင့် အတတ် ပညာရပ်များ တွင်အောင်မြင်မှု ရရှိပါလိမ့်မည်။ ရေချိုးမှား တတ်သည်။ လေထိုးလေအောင့် အထူး သတိထားပါ။ အချစ်ရေးတွင် ချစ်သူ၏ အရှိအလှဖြင့် အသွင်အနေထား အနေအေးသည့် စရိုက်ကြောင့် နီးစပ်နိုင်ရန် အလျင်မလိုမိ ပါစေနှင့် ၊ နှစ်ဖက်သော မိဘများ၏ အဆင်ပြေစွာ ခွင့်ပြုနိုင် မှုဖြစ်စေသော အရည်အချင်းပြည့်စုံ မှုဖြစ်စေရန် အဓိက လိုအပ်ကြောင်း သတိပြုရန် လိုပါလိမ့်မည်။
 
ကြာသပတေးသားသမီး
မိတ်ဆွေကောင်းများထံမှ မင်္ဂလာသတင်း စကားများ ကြားသိရပါလိမ့်မည်။ ဒုလ္လဘရဟန်း ခံရကိန်း ကြုံရတတ်ပါသည်။ ထီနှင့် ပတ်သက်၍ ကံကောင်းစေသော ကာလ ဖြစ်ပါသည်။ ထီပေါက်ကံ( သို့မဟုတ် ) ငွေအစုလိုက်ဖြင့် ရရှိခံစားရ စေသော ကံရှိပါသည်။ ပညာဂုဏ် သတင်းဖြင့် ကျော်စောခြင်း ဖြစ်စေတတ်ပါသည်။ မိမိသင်ယူရန် ဆန္ဒရှိသော ပညာများအား ယခုကာလတွင် သင်ယူရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ ဌာနဆိုင်ရာ အတွင်း ရာထူးတိုး ခံစားခွင့် ရရှိပါမည်။ အချစ်ရေး၌ ချစ်သူအပေါ်တွင် အကြောင်းမှန် အမျိုးမျိုးဖြင့် မည်မျှပင် ခွင့်လွှတ်နားလည် မှုပြုပေးခဲ့ ရသည် ဖြစ်စေ၊ မိမိ၏ တောင်းပန် တိုးလျှိုးစွာဖြင့် ပြောဆို ဆက်ဆံမှုအား တမင်ကြားလို၍ အနိုင်ယူနွဲ့ဆိုး ပြုမှုတတ်ခြင်း အတွက် တအားခက် ပါသော်လည်း မှားလျှက်သာ လိုက်လျောမှု ပြုနေရခြင်း မျိုးဖြစ်နေရပါ လိမ့်မည်။
 
သောကြာသားသမီး
သူငယ်ချင်း မိတ်ဆွေကောင်း များ၏ အရေးတယူ ကူညီစောင့်ရှောက်မှု ခံရပါလိမ့်မည်။ စီးပွားရေး ကိစ္စများတွင် စိတ်တိုင်း မကျစေရသော ဖြစ်ရပ်များ နှင့် ကြုံရပါ လိမ့်မည်။ ဖြစ်ချင်သော ဆန္ဒ၊ လုပ်ကိုင်ဆောင်ရွက် လိုသော ကိစ္စများ များနေသည့်တိုင် တစ်ခုမှ အကောင်အထည် ဖော်၍ မရနိုင်ခြင်း များဖြစ်နေပါလိမ့်မည်။ မိသားစု အချင်းချင်း နားလည် သိတတ်စွာဖြင့် ကူညီဖေးမမှု ရှိရန် လိုပါလိမ့်မည်။ အဆင်မပြေ ဖြစ်ပေါ် နေသော အိမ်ထောင်ဘက် အချင်းချင်း သဘော အထာလိုရင်းကို သိလွယ်တတ်သော လက်တွဲဖော်ဖြစ်သည့် အပြင် ကျေနပ်စရာ အပြုအမှုဖြင့် နေတတ်စွာ အတုယူ လေးစားဖွယ် ကောင်းစေသော စရိုက်များကြောင့် စိတ်ချမ်း သာမှုဖြစ်စေ ရပါလိမ့်မည်။
 
စနေသားသမီး
ဝင်ငွေ အစုလိုက် အပြုံလိုက် ရရှိစေသော ကံတရား ရှိနေပါသည်။ ထီမကြာ ခဏထိုးပေး သင့်ပါသည်။ မိမိ၏ ကြံစည် စိတ်ကူး ထားခြင်းများ လွဲချော်မှု ရှိနေ တတ်ပါသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြဿနာ ဖြစ်ရခြင်းများ ကြုံရတတ်ပါသည်။ လုပ်ငန်း ကိစ္စများတွင် အရှုံးပေါ်တတ်ခြင်း၊ ငွေမြုပ်နေခြင်း၊ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်နေမိခြင်းမျိုး ခံစားရ တတ်ပါသည်။ ဆွေမျိုး၊ မိတ်ဆွေ၊အပေါင်း အသင်းများနှင့် ဖြစ်စေ၊ တစ်အိမ်ထဲ အတူတူ နေထိုင်ကြသူ အချင်းချင်းဖြစ်စေ အပြောအဆို အနေအထိုင် မတတ်ခြင်းကြောင့် ပြဿနာ ရှင်းရတတ်ပါသည်။ အချစ်ရေးတွင် နှစ်ဦး နှစ်ဖက် မဖြစ်နိုင်သည်ကို အငြင်းပွားပြီး မိမိအလိုသို့ ပါလာအောင် အချိန်ကုန်ခံ၍ စည်းရုံးမနေ မိပါစေနှင့်၊ မိမိအပေါ် မချစ်နိုင် သည်ကို စဉ်းစား၍ လိုအပ်ချက် ပြည့်စုံနိုင်စေရန် ဦးစားပေး၍ ဖြည့်ဆည်းနိုင်မှသာ တူနှစ်ကိုယ် နီးစပ်မှုအတွက် လိုရင်းရောက် စေမည်ဖြစ် လာရပါလိမ့်မည်။
 
ရာဟုသားသမီး
အောင်မြင်တိုးတက်ခြင်း၊ အလိုပြည့်စုံခြင်းနှင့် ဘဝအခြေအနေ မြင့်မားတိုးတက်ခြင်းများ ရှိမည်။ စနစ်တကျ ကြိုတင် စီစဉ်ထားသည် များကို ရှေ့တိုး လုပ်၍မရ။ နှောင့်နှေးနေဦးမည်။ ရုတ်တရက် ဆောင်ရွက်သော ကိစ္စများသည် ကား ထူးခြားသော အောင်မြင်မှုများ ဖြစ်မည်။ ကောင်းသတင်းနှင့် တိုးတက်သော အကြောင်းအရာများ ဖြစ်ထွန်းမည်။ အကုန် အကျများမည်။ မှန်ထားသည်ထက်ပို၍ ငွေကုန်ရ ကိန်းကြုံမည်။ ကျန်းမာရေးဂရုစိုက်ပါ။
 
ခေတ်လူငယ်
 
 
 
 

မြန်မာ မင်းသမီးလေးများ သေနတ်ကိုင်ပြီး SEXY ကျကျဓာတ်ပုံများရိုက်လာ




















 
ဒီမိုကရေစီ ရရှိလာသည့် နောက်ပိုင်းတွင် မြန်မာ မိန်းကလေး အများအပြား ၀တ်စားဆင်ယင်မှု ယိုယွင်း လာသည်ကို မကြာခဏဆိုသလို အင်တာနက် စာမျက်နှာများတွင် တွေ့ရှိနေရပါသည်။ ထိုကဲ့သို့ အမျိုး သမီးများထဲမှ အချို့သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုသည့် စိတ်အပြည့်ဖြင့် သေနတ်များ ကိုင်ကာ ဓါက်ပုံရိုက်လျက်ရှိသည်ကိုလည်း တွေ့မြင်နေရပါသည်။
 
တစ်ချို့ အမျိုးသမီးများမှာ အမျိုးသမီး စစ်မှု့ထမ်း ခေါ်ဆိုမှုအား အများအပြား စိတ်ဝင်စားကာ တပ်မတော် တွင် အမှုထမ်းလိုကြောင်းကိုလည်း မကြာခဏ ပြောဆိုနေမှုများကို လည်း တွေ့မြင်နေ ရပါတယ်။ မည် သို့ပင်ဖြစ်စေကာမှု ထိုကဲ့သို့ မြန်မာ့တပ်မတော်တွင် အမှု့ထမ်း လိုသော အမျိုးသမီး များအား မြန်မာ မိန်းကလေး များစွာ အတုယူသင့်ပေသည်။
 
By Myanmar Daily Star

နှုတ်ခမ်းဆိုးဆေးများနှင့် ကင်ဆာအန္တရာယ်


ပျိုမေများ နှုတ်ခမ်းဆိုးဆေးတောင့်များကို အသုံးမပြုခင်မှာ လက်ဖ၀ါးပေါ်မှာ ဖြစ်ဖြစ် အရင် ဆိုကြည့်ပြီး ရွှေ(လက်စွပ်)နဲ့ ပွတ်ကြည့်လိုက်ပါတဲ့

တကယ်လို့ နှုတ်ခမ်းဆိုးဆေးအရောင်က မူလအရောင်ကနေအမည်းရောင်သို့ ပြောင်းသွားတယ်ဆိုရင် အသုံးမပြုသင့်ပါဘူးတဲ့ဗျာ

ဘာလို့ဆိုတော့ နှုတ်ခမ်းဆိုးဆေးထဲမှာ ခဲ(ခဲပုပ်)ပါဝင်နှုန်းများနေလို့ပါတဲ့
ခဲပုပ်ပါဝင်နှုန်းများခြင်းရဲ့ဆိုးကျိုးကတော့ သင့်ရဲ့ နှုတ်ခမ်းကို ကင်ဆာရောပါဖြစ်စေလို့ပါပဲတဲ့

ရောဂါကို ကုသခြင်းထက် မဖြစ်ခင်က ကာကွယ်တာ အကောင်းဆုံးပါ
ကျန်းမာခြင်းဆိုသော လာဘ်တစ်ပါးကို ပိုင်ဆိုင်နိုင်ကြပါစေ

Ps - Dr. Elizabeth Ayoub လို့ google မှာ ရှာလိုက်ရင်လည်း နှုတ်ခမ်းဆိုးဆေး အန္တရာယ်အကြောင်း(အကျယ်တ၀န့်)ကို ဖတ်ရှု့နိုင်ပါသည်

အင်းလေးမီဒီယာ

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး


မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း
ဖော်ပြ ထား၏။

ထိုငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။

၁။ စိဉ္စမာဏ
----------------
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။

၂။ သုပ္ပဗုဒ္ဓ
-------------
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့်သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။

၃။ အရှင်ဒေဝဒတ်
----------------------
ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။

၎။ နန္ဒကဘီလူး
-------------------
နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ "အရှင်သာရိပုတ္တရာ"
မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ်
နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။

၅။ နန္ဒလုလင်
------------------
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ
"ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် "တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံးဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ"
တစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။

ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။

ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။
ဓမ္မစာပေပရိတ်သတ် တစ်ဦး၏ တောင်းဆိုချက်ကို
အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။

မေတ္တာဖြင့်

- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

အင်တာနက် လွတ်လပ်ခွင့်အား စိန်ခေါ်ကြည့်ခြင်း (သို့မဟုတ်) ခေတ်စားလာသော Facebook အန္တရာယ်

အခုတလော မြန်မာပြည်သူတွေကြားမှာ Social Network တစ်ခုဖြစ်တဲ့ Facebook အသုံးပြုခြင်းက အတော်အတန် ခေတ်စားလာပါတယ်။ Social Network ဆိုတဲ့ ဝေါဟာရကို ကျွန်တော် အတော်အတန် လေ့လာဖြစ်ခဲ့တာ ကြာပါပြီ။ Myspace တို့ Friendster တို့လက်ထက်ကတည်းက Social Network ကို ကျွန်တော် စတင်အသုံးပြုခဲ့ဖူးပါတယ်။ ကျွန်တော် အင်တာနက်ကို စတင်အသုံးပြုခဲ့တဲ့အချိန်မှာ social network ဆိုတဲ့ ဝေါဟာရက ဒီမှာ သိပ်ခေတ်မစားသေးပါဘူး။ ကျွန်တော့် မိဘကျေးဇူးနဲ့ အင်တာနက်ဆိုတာကို ၂၀၀၂ ခုနှစ်မှာ ကျွန်တော် ၁၆ နှစ်သားမှာ စတင်အသုံးပြုခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ကျောင်းလက်ရွေးစင် ကွန်ပျူတာသမားတစ်ဦးအနေနဲ့ပေါ့။ အဲဒီတော့ ကျွန်တော် ဘာလုပ်ရသလဲဆိုတော့ အင်တာနက်ဆိုတာကြီးကို ရှာဖွေသုတဟင်းလေးအိုးကြီးအနေနဲ့ အသုံးပြုခဲ့ရတာပါ။

ပထမဦးဆုံး social network ကို ကျွန်တော် စတင် အသုံးပြုခဲ့တဲ့ ရည်ရွယ်ချက်က ကမ္ဘာမှာ ကျွန်တော်လိုချင်တဲ့ ဗဟုသုတတွေ မေးမြန်းနိုင်အောင် နောက်ပြီး မိတ်ဆွေသစ်တွေ ရရှိနိုင်အောင် ကျွန်တော့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကျွမ်းကျင်မှု မြင့်မားလာအောင် ကျွန်တော့် အနာဂတ်ကို ကျွန်တော် တွေးတောနိုင်အောင် ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်လာနိုင်မယ့် နည်းပညာ အခြေခံစနစ်တွေ ရရှိလာနိုင်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက social network တွေဟာ အခုလို မြန်မာစာနဲ့ အသုံးပြုနိုင်ခြင်းလဲ မရှိသေးပါဘူး group တွေ game request တွေ လည်းမရှိသေးပါဘူး။ ဓါတ်ပုံလေးတွေတင်မယ် ကိုယ်ကြိုက်တဲ့ activity ပုံလေးတွေ ဝေမျှမယ် ကိုယ့်အကြောင်း ကိုယ့် portfolio လေးတွေ ဝေမျှမယ် စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ အသုံးပြုခဲ့ပါတယ်။ 

ကျွန်တော့် ရည်ရွယ်ချက် အောင်မြင်ခဲ့သလား မေးရင်တော့ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီကနေတဆင့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ နည်းပညာပြောင်းလဲမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ကျွန်တော် မရှင်းလင်းတာရှိရင် yahoo မှာ ရှာကြည့်တယ် (ချွင်းချက်အနေနဲ့ ထိုအချိန်က google အရမ်းခေတ်မစားသေးပါ) အဲဒါမှ သိပ်မရှင်းလင်းသေးရင် ကျွန်တော့် မိတ်ဆွေတွေကို ထပ်မေးမြန်းတယ် အဲဒီလိုနဲ့ ကျွန်တော် အင်တာနက် ကွန်ပျူတာ လောကကြီးကို ဝင်ရောက်ခဲ့ပါတယ်။ 

နောက်ပြီး ချက်တင်ပေါ့ ၂၀၀၃ ၂၀၀၄ လောက်မှာ အဲဒီအချိန်က Gtalk မပေါ်သေးပဲ MIRC ဆိုတဲ့ ygnchat တို့ ခေတ်စားချိန်ကာကမှာပေါ့ဗျာ။ ကျွန်တော်လည်း ကျောင်းအားတဲ့အချိန် စာကြည့်ပြီးသွားတဲ့ အချိန်လေးတွေဆိုရင် ချက်တင်ထိုင်ဖြစ်တယ်။ ဒါပေမယ့် admin လုပ်ရတဲ့ ဝါသနာက ငယ်စဉ်ကတည်းက ဇာတိပြဆိုသလိုလားမသိဘူး ကျွန်တော် ချက်တင်လုပ်ရတယ်ကိုမရှိပဲ ygnchat မှာ အလားတူ group လေးတွေဖွဲ့ (အခုလို ဝေဟင်ချစ်သူရဲ့ အစဆိုပါတော့ဗျာ) invite လေးတွေလုပ်ပြီး စုပေါင်း ဆွေးနွေးတဲ့ group discussion လေးတွေ လုပ်ဖြစ်တယ်။ အဲဒီမှာ မိန်းကလေးတွေကို နှမချင်းမစာမနာ လာပြောတဲ့သူတွေ လာ အီစီကလီလုပ်တဲ့သူတွေ group နဲ့ မဆိုင်တဲ့ အခြား ဆွေးနွေးတာကို လုပ်တဲ့သူတွေကို ban တာပေါ့ဗျာ ပြီးတော့ group ကို မော်နီတာလုပ်တာပေါ့။ အဲဒီအတွေ့အကြုံလေးကို ရခဲ့ပါတယ်။ အဲဒီမှာ ဘာစပြီး ကမောက်ကမ ကျွန်တော်လုပ်ခဲ့သလဲဆိုတော့ ကျွန်တော်က အဲဒီ ချက်တင်ကို ၂၄ နာရီ မော်နီတာ မလုပ်နိုင်ဘူးလေ အဲဒီတော့ ကျွန်တော့်ကိုယ်စား မော်နီတာလုပ်မယ့် bot တစ်ကောင်ကို ဖန်တီးတည်ဆောက်တာပေါ့ မသိရင်တော့ ကျွန်တော်က ၂၄နာရီ ထိုင်ကြည့်နေသလိုပေါ့ဗျာ ကျွန်တော် မလိုချင်တဲ့ စကားတွေကို ရေးရင် auto ဘန်းတယ် ဆင်ဆာဖြတ်တယ်ပေါ့ဗျာ။ အဲဒီကောင်းကျိုးက ဘယ်လိုဖြစ်လဲဆိုတော့ အဲဒီခေတ်က bot က အခုခေတ်လို သိပ် intelligent မဖြစ်တာလဲ ပါတာပေါ့ဗျာ အိမ်က ကွန်ပျူတာနဲ့ အင်တာနက်ကို ၂၄နာရီနီးပါး ဖွင့်ထားခဲ့ရတာပဲ။ အင်တာနက်အတွက် ကျွန်တော့်အိမ်ကလည်း သီးသန်းဖုန်းတလုံးထားပေးထားတာလည်း ကျေးဇူးတင်ရတာပေါ့ဗျာ။ ကျွန်တော့်အိမ်က ကျွန်တော် မဟုတ်တာမလုပ်ဘူးဆိုတာ သိထားတော့ ကူညီပေးကြတာပေါ့။ အင်တာနက်ကလဲ ဒွီ ဒွီ နဲ့မည်တဲ့ dial up လေ ကြိုက်သလောက်သုံး ကျသလောက်ရှင်းစနစ်ပေါ့။ သိပ်မကြာပါဘူးဗျာ ကျွန်တော့်အိမ်က monitor ကြီး မီးလောင်ပါလေရော ကျွန်တော် လက်ဦးလို့ပေါ့ မဟုတ်ရင် အိမ်ပါ လောင်သွားနိုင်တယ်။ အဲဒီခေတ်က CRT Monitor ကြီးတွေက အခုခေတ် LCD LED တွေလို မဟုတ်ဘူးလေ အရမ်းပူတာပေါ့။ အဲဒါကို ကလေးဆိုတော့ သိပ်မစဉ်းစားမိဘူး ဒါတောင် အဲကွန်းထဲ ၂၄နာရီ ဖွင့်ထားခဲ့တာ အေးနေရင် ပြီးရော ထင်ခဲ့တာပေါ့။ 

အဲဒီခေတ်တွေ ဖြတ်သန်းရင်းနဲ့ အင်တာနက်ဆိုတာကြီးရယ် ကွန်ပျူတာ နည်းပညာဆိုတာကြီးရယ် ဆိုရှယ်နက်ဝေါ့ဆိုတာကြီးရယ်ကိုပါ ကျွန်တော် အကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီကအတွေ့အကြုံတွေကို အခြေခံရင်း အဲဒီခေတ်က တပ်မတော်ခမ်းမမှ ကျင်းပတဲ့ အိုင်စီတီ ပြပွဲမှာ ကျွန်တော်ဟာ ကျောင်းကိုယ်စားပြုပါဝင်ခဲ့ရပါတယ်။ အဲဒီအချိန်က အခုလို အိုင်တီလုပ်ငန်းတွေ ခေတ်မစားသေးပဲ ကျောင်းပေါင်းစုံနဲ့ အိုင်တီလုပ်ငန်းအချို့က လက်ရွေးစင်တွေသာ ပါဝင်ပြသရတဲ့ ပွဲပေါ့ဗျာ။ MICT Park တောင် ဆောက်ပြီးတာ သိပ်မကြာသေးဘူး။ ကျွန်တော်မှတ်မှတ်ရရ ကျွန်တော် ၁၀ တန်းဖြေခါနီး ၁ ပါတ် ၂ ပါတ် အလိုလောက်ပေါ့ အဲဒီမှာ ကျွန်တော် ဝင်ပြခဲ့တာ... ကျွန်တော်တို့ ပြကွက်ကို အဲဒီခေတ်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး အားပေးသွားလို့ လူငယ်တစ်ဦးအနေနဲ့ အတော်ပျော်ခဲ့တယ်။ ကျောင်းက ဆရာမတွေကလည်း အားပေးတာပေါ့ဗျာ။ ကျွန်တော်က TTC ကလေ အဲဒီအချိန်မှာ ပြပွဲတွေမှာ TTC က အများဆုံးပါဝင်ပြသခဲ့တာပဲ။ ကျောင်းအတွက်လည်း ဂုဏ်ယူတာပေါ့။

နောက်ပိုင်းကာလတွေမှာ ကျွန်တော် မြန်မာပြည်နဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ private institute တွေမှာ ကျောင်းဆက်တက်ဖြစ်တယ်။ အဲဒီမှာကျတော့ မြန်မာပြည်မှာထက် အင်တာနက်စနစ်ကို ပိုပြီးလေ့လာဖြစ်ခဲ့တယ် ပြောင်းလဲလာတဲ့နည်းပညာနဲ့ အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းတွေ အင်တာနက်ကို မရှိမဖြစ်အသုံးပြုရတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို ထဲထဲဝင်ဝင်သိလာနိုင်ခဲ့တယ်။ စင်္ကာပူမှာ အင်တာနက်ကို ban တာ ပြုတာမရှိပါ။ လီကွမ်ယုက ပြောခဲ့တယ် သင်ဟာ သင့်ဘဝအတွက် ဘယ်ဟာအရေးကြီးတယ် ဘာလုပ်သင့်တယ်ဆိုတာကို သင်သိရင် သင်မလုပ်သင့်တာ သင်လုပ်မိမှာ မဟုတ်တော့ဘူးတဲ့။ ဒါကြောင့် education စနစ်ကို မြှင့်တင်ပြီး ကျောင်းသားဗဟိုပြု နည်းပညာအသုံးပြုတဲ့ education စနစ်တွေကို လုပ်ကိုင်ပေးခဲ့တယ်။ ဒါတွေရဲ့ ကောင်းကွက်ကြောင့် စင်္ကာပူမှာ ဘာတွေမကြည့်နဲ့ ဘာတွေကြည့်လို့တောင် ဆိုစရာမလိုပဲ အင်တာနက်ကို ကောင်းစွာအသုံးချနိုင်တာကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်တော်ဆိုလိုချင်တာ လူ့စိတ်ပါ လူတွေဟာ မကြည့်နဲ့ မလုပ်နဲ့ ဆိုမှ ကြည့်တာ လုပ်တာကို စမ်းချင်ကြတယ်။ ဒီတော့ ကြည့်ကွာလို့ဖွင့်ပေးလိုက်တယ် ပြီးတော့ ခေါင်းထဲကို အသိဥာဏ်ထည့်ပေးလိုက်တဲ့ အချိန်မှာ ဒါတွေဟာ မလိုအပ်တဲ့အရာကို မလိုအပ်တဲ့အရာလို့ သိမြင်လာတယ် အဲဒီတော့ အင်တာနက်လွတ်လပ်ခွင့်ဆိုတာ ရှိလာတာပေါ့ဗျာ။ ကျွန်တော်အဲဒီစနစ်လေးကို အတော်လေး သဘောကျခဲ့တယ်။ စင်္ကာပူမှာ ကျောင်းသားလေးတွေ secondary ကျောင်းသား ကျောင်းသူတွေဟာ လွတ်လပ်ခွင့်အတော်အတန်ရှိကြတယ်။ ဒါပေမယ့် အားလုံးဟာ တိကျသေချာတဲ့ education စနစ်ကြောင့် အင်တာနက်ကို လွတ်လပ်စွာအသုံးပြုပေမယ့် မိမိလုပ်ဆောင်သင့်တဲ့အရာကို အောင်မြင်အောင် လုပ်နိုင်တာကို တွေ့ခဲ့ရတယ်။ ဆိုးသွမ်းသူအချို့တော့ရှိမှာပေါ့ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် မပြောပလောက်အောင် နည်းတယ်လေ။ နောက်ပိုင်း college တို့ university တို့ရောက်မှ Asian value လျော့နိုင်တဲ့ လူမြင်ကွင်းမှာ သမီးရည်းစားအချင်းချင်း နမ်းတာတို့ ဘာတို့ဖြစ်လာကြတာ တွေ့ရတယ်။ ဒါကတော့ သူတို့တိုင်းပြည် သူတို့ကိစ္စဆိုတော့ ကျွန်တော် မဝေဖန်လိုပါ။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာတော့ လက်ခံနိုင်မယ်လို့ ကျွန်တော်မထင်ပါ။ တကယ်တန်းလည်း asian value လျော့လာတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါတွေကတော့ နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံနေရတဲ့ ကျွန်းနိုင်ငံသေးသေးလေးဖြစ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ အနောက်တိုင်း ယဉ်ကျေးမှုတွေ ရောပါလာတာလို့ ဆိုနိုင်ပါတယ်။

ထားပါတော့ တကယ်တော့ အဲဒါတွေက ကျွန်တော် ပြောချင်တာကို နိဒါန်းခင်းလိုက်တာပါ။ လက်ရှိမြန်မာပြည်မှာ အင်တာနက်လွတ်လပ်ခွင့် အတော်အတန် ရှိသင့်သလောက် ရှိလာခဲ့ပါပြီ။ ဒါပေမယ့် လုံးဝမလွတ်လပ်သေးဘူးလို့လဲ ဆိုလိုချင် ဆိုလိုလို့ရနိုင်ပါတယ်။ သို့သော် ကျွန်တော် ပြောချင်တာ ဝေဖန်ချင်တာလေးတွေကတော့ အင်တာနက်လွတ်လပ်ခွင့်ဆိုတာအပြင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုခြင်းဆိုတဲ့ program မျိုးထည့်သွင်း သင်ကြားသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကလေးတွေကို ကျောင်းသားဗဟိုပြုသင်မယ်ဆိုရင် ငါသင်တာ ဒီအတိုင်းကျက် ဆိုတာထက် အင်တာနက်ကနေ စုပေါင်းစပ်ပေါင်း project လေးတွေ assignment လေးတွေလုပ်မယ် group discussion လေးတွေလုပ်မယ် ဆိုင်ရာ ကျောင်းသား club လေးတွေဖွဲ့မယ် (ဥပမာ music club, sport club, debate club) အစရှိသဖြင့် activity လေးတွေကို လုပ်ခွင့်ပေးမယ် ကြီးကြပ်ပေးမယ်၊ ငယ်စဉ်ကတည်းက ဒီမိုကရေစီ အလေ့အထဖြစ်တဲ့ စုပေါင်းလုပ်ဆောင်ခြင်း မဲပေးခြင်း စနစ်ကျသော activity များပြုလုပ်တတ်အောင် သင်ပေးရင် စနစ်ကျတဲ့ ဒီမိုကရေစီဆိုတာကို သူတို့ တကယ်သဘောပေါက်လာမယ် (ဥပမာ အမေရိကန် စင်တာမှာ ယခင် USIS မှာ ကျောင်းသားတွေကို ဆိုင်ရာ activity လေးတွေကို group လေးတွေ club လေးတွေဖွဲ့ပြီး ဒီမိုကရေစီနည်းလမ်းကို သင်ကြားပေးသလို) ဆိုရင် နောင်ကာလမှာ တကယ်ကို စနစ်တကျ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်လေးတွေ မြန်မာပြည်မှာ ပေါ်ထွက်လာမယ်လို့ ယူဆမိပါတယ်။ အဲဒီလို education စနစ်ကို ပြောင်းလဲကျင့်သုံးပြီးတဲ့အချိန်ကျမှ အင်တာနက်လွတ်လပ်ခွင့်ဆိုတာကို ပိုမိုကျင့်သုံးရင် တိုင်းပြည်ဟာ အမှန်တကယ် စနစ်ကျစွာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

အမေရိကန်လို နေရာမျိုးမှာတောင် parental ဆိုတာရှိပါတယ် မိဘတွေဟာ သားသမီးတွေကို အသက်အရွယ်အလိုက် မကြည့်သင့်တာ မကြည့်မိအောင် မိမိအိမ်က အင်တာနက်မှာ filter လုပ်တဲ့ စနစ်မျိုးပါ။ အခုဆိုရင် အမေရိကန်အစိုးရက facebook ကိုတောင် ထိန်းချုပ်ဖို့ လုပ်ကိုင်လာပါပြီ။ တိုင်းပြည်ကကြီးတော့လည်း ပြသနာကကြီးမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံလို နိုင်ငံမျိုးဟာ ဘေးပတ်ဝန်းကျင်က တရုတ်အစိုးရ ကမ္ဘောဒီးယားအစိုးရထက်တော့ အင်တာနက် လွတ်လပ်ခွင့်အတော် ကောင်းပါတယ်။ ဘယ်လိုပဲ အင်တာနက်လွတ်လပ်ခွင့် ပြုလုပ်ပြုလုပ် မှန်ကန်သော education မရှိတဲ့အခါမှာ အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးလိုက်တာဟာ ဆယ်ကျော်သက်လူငယ်လေးတွေကို စနစ်ကျသော ဖျက်စီးခြင်းတစ်မျိုးထည့်ပေးလိုက်တာနဲ့ တောင် ပိုတူနေပါဦးမယ်။ ဒါကြောင့် အင်တာနက်လွတ်လပ်ခွင့်ဆိုတာကို တောင်းဆိုနေမယ့်အစား အမှန်တကယ် ပြောင်းလဲသင့်တဲ့ education စနစ်ဖြစ်ပေါ်လာအောင် asian value မလျော့ကျသော စနစ်တွေဖြစ်လာအောင် (နင့်လင်ငါယူ ငါ့လင်နင်ယူ မိန်းကလေးက ရည်းစားစကားစပြောသော ကိုးရီးယားကားတွေ တွင်ကျယ်စွပြနေမယ့်အစား 24 တို့ heros တို့လိုမျိုး လူငယ်တွေ ပတ်ဝန်းကျင်အတွက် တကယ်ကို အကျိုးရှိမယ့် program မျိုးတွေပြသခြင်း) တို့ကို ဦးစွာပြုလုပ်သင့်တယ် ဗျူဟာမြောက်စွာကျင့်သုံးသင့်တယ်လို့ ယုံကြည်မိပါတယ်။ ဒါမှသာ လွတ်လပ်တဲ့အင်တာနက်ကို အကျိုးရှိစွာနဲ့ အဂတိတရား ကင်းကင်းရှင်းရှင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော် အင်တာနက်မှာ မမြင်သင့်တာတွေ မြင်လာရပါတယ်။ ၁၀ကျော်သက် ကလေးတွေဟာ day party day club တွေတက်တယ် အခုနောက်ပိုင်း night club တွေမှာတောင် ၁၀ ကျော်သက် ကလေးလေးတွေ များလာတယ်။ ဒါတွေကိုလည်း facebook အပေါ်မှာ ပွင့်ပွင့်လင်းလင်းကြော်ငြာလာတယ် ဖြန့်ဝေလာကြတယ်။ ပြောမှာပေါ့ ကတာပဲ လွတ်လပ်တာပဲ ဘာဆိုင်လို့လဲလို့။ ဆိုင်တာပေါ့ဗျာ... ကလေးတွေက အနာဂတ်တိုင်းပြည်ရဲ့ ကြယ်ပွင့်လေးတွေလေဗျာ သူတို့ကို ဦးညွန့်မချိုးရဘူးဗျ။ သူတို့အနာဂတ်မှာ ပိုကောင်းတဲ့ လမ်းတွေပွင့်လာအောင် လုပ်ပေးရမှာ ဖန်တီးပေးရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့လည်း တဖန်ပြန်သေဦးမှာပဲ ကလေးအဖြစ် ပြန်ဖြစ်လာဦးမှာပဲ အဲဒီအချိန်မှာ စိတ်သဘောထား မကောင်းတဲ့ အနာဂတ်မရှိတဲ့ လူ့တန်ဖိုးနားမလည်တဲ့ မိသားစုမှာ လူပြန်ဖြစ်ရင် ဘယ်လိုလုပ်မလဲဗျာ။ ဗုဒ္ဓဘာသာ သဘောအရ သံသရာဆိုတာ လည်တတ်ပါတယ်။ ဘယ်သူမပြုမိမိမှုပေါ့။ စာရေးဆရာကြီး တစ်ဦးပြောခဲ့သလို လူငယ်တွေ မင်းတို့ စာကြိုးစားကြ စာဖတ်ကြ လိမ္မာကြဆိုတာ အလကားပြောတာမဟုတ်ဘူး ငါသေရင် မင်းတို့ထံမှာ ဝင်စားလို့ ရှိရင် မင်းတို့သာ မလိမ္မာတဲ့သူတွေဆိုရင် ငါတော့ ဒုက္ခရောက်မှာပဲဆိုသလိုပေါ့ဗျာ။ တစ်ချို့က ငါသေရင် ပြီးပြီလို့ထင်ပြီး ဘယ်သူ့မျက်နှာမှ မထောက် စီးပွားရေးကို ဝိသမလောဘနဲ့ ရှာကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခံစရာရှိ ကိုယ်ပဲခံရမယ် နောင်လာနောက်သားတွေလဲ ဒုက္ခရောက်မယ်လေဗျာ။ အဲဒါတွေ မြင်တွေ့နေရလို့ ကျွန်တော်လည်း စိတ်ပူပန်မိပြီး ယခုလို ဆောင်းပါးလေး ရေးလိုက်ခြင်းပါပဲ။

ကျွန်တော်လည်း လူငယ်တစ်ဦးပါပဲ အပျော်အပါးကြိုက်တာပေါ့။ ကျွန်တော်ကြိုက်တဲ့ အပျော်အပါးက လူတွေကို အသိဥာဏ်ပေးခြင်းပဲ ကိုယ်သိသလောက် မျှဝေပေးပြီး ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်လေ့လာနေဖို့ပဲ။ လောကမှာ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားတတ်ရမယ်ဆိုတဲ့ အသိရှိဖို့လိုတယ် ကိုယ်လုပ်ချင်တဲ့အရာဟာ နိုင်ငံအတွက် လူ့ပတ်ဝန်းကျင်အတွက်လည်းကောင်းမယ် လုပ်လည်းလုပ်သင့်တယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ဒါကြောင့် ကျွန်တော်ကတော့ လုပ်ချင်တာနဲ့ လုပ်သင့်တာ တထပ်တည်းကျဖို့ အစဉ်ကြိုးစားနေရင်း မြန်မာပြည်အနာဂတ် သာယာလှပပါစေဟု ဆုတောင်းမေတ္တာပို့သကာ နိဂုံးချုပ်အပ်ပါတယ်။

ဝေဟင်ချစ်သူ

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီ အား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့များ လက်နက်မဲ့ အလင်းဝင်ရောက်


SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့မှ မိုင်းယောင်းမြို့နယ် အတွင်း ဇူလိုင်လ ၂၄ ရက်က ဖမ်းဆီး ခဲ့သည့် ရွာသား ၆၃ ဦး ၊ ဇူလိုင်လ ၃၁ ရက်၌ ပြန်လည် လွတ်မြောက် လာခဲ့သည့် သတင်းအား သြဂုတ်လ ၃ ရက်ထုတ် မြ၀တီနေ့စဉ် သတင်းစာ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ထိုသို့ ရွာသားများအား ဖမ်းဆီး ခေါ်ဆောင် ခဲ့သည့် SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့အား NDAA (မိုင်းလား) အဖွဲ့မှ ဇူလိုင်လ ၂၈ ရက်တွင် မိုင်းယောင်း မြို့နယ် ၊ မိုင်းဖန်ရွာ အနီး၌ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လက်နက် / ခဲယမ်း များအား သိမ်းဆည်း၍ ပြန်လည် စေလွှတ် ပေးခဲ့ကြောင်း နှင့် ပြန်လည် လွတ်မြောက် လာသည့် SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့ဝင် များအနက် မိုင်းယောင်း မြို့နယ် ၊ ၀မ်မန်း ကျေးရွာအုပ်စု မှ အိုက်အန် ၅၂ နှစ် ၊ နွဲ့ကျောက် ၂၀ နှစ် ၊ အိုက်ပီး ၄၀ နှစ် ၊ အိုက်ကျူ ၃၁ နှစ် ၊ အိုက်ကောင်း ၂၂ နှစ် ၊ အိုက်ယမ်း ၂၀ နှစ် ၊ အိုက်ခမ်း ၃၇ နှစ် ၊ အိုက်ခန်း ၄၈ နှစ် ၊ အိုက်အင် ၃၄ နှစ် ၊ အိုက်ဥ ၁၉ နှစ် ၊ အိုက်အွန် ၃၁ နှစ် နှင့် အိုက်ရွက် ၂၄ နှစ် ၊ ၀မ်တပ် ကျေးရွာအုပ်စု မှ အိုက်အွန် ၂၁ နှစ် ၊ အိုက်ကောင်း ၄၀ နှစ် ၊ နန်းကျွန်း ၅၆ နှစ် ၊ အိုက်တစ် ၃၀ နှစ် ၊ အိုက်ရှဲန်ရွက် ၁၉ နှစ် နှင့် နန်ဘွန်း ၃၁ နှစ် ၊ ၀မ်ဘိုး ကျေးရွာအုပ်စု မှ ဦးနွဲ့ရမ်း ၅၅ နှစ် ၊ ၀မ်ကောင်း ကျေးရွာအုပ်စု မှ အိုက်အွန် ၂၆ နှစ် ၊ အိုက်အဲန် ၂၁ နှစ် နှင့် အိုက်ကွမ်း ၂၉ နှစ် ၊ မိုင်းယောင်း မြို့ပေါ် ရပ်ကွက်မှ စိုင်းအောင်နိုင် ၂၆ နှစ် ၊ စုစုပေါင်း ၂၃ ဦးတို့သည် နယ်ခြေံ တပ်မတော် စစ်ကြောင်း များသို့ လက်နက်မဲ့ အလင်းဝင်ရောက် ခဲ့ကြောင်း နှင့် ၄င်းတို့အား ထောက်ပံ့ ကူညီမှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCpenney Printable Coupons