Sunday, August 11, 2013

၇ ရက်သားသမီးအဟော

၈. ၈ . ၂၀၁၃ မှ ၁၄ . ၈ .၂၀၁၃ ထိ

တနင်္ဂနွေသားသမီး 

မိတ်ဆွေ ဟောင်းများနှင့် အမှတ်တမဲ့ ပြန်လည် ဆုံတွေ့ရ တတ်ပါသည်။ မိတ်ကောင်း ဆွေကောင်းများနှင့် တွေ့ဆုံရ ပါလိမ့်မည်။ မိမိမျှော်လင့် မိထားသော အတိုက်အခံရန် များနှင့်လည်း ကြုံရပါလိမ့်မည်။ စီးပွားရေး လုပ်ငန်းများ တိုးတက်ကောင်းမွန် ပါမည်။ ပျောက်ဆုံးနေခဲ့သော ပစ္စည်းများ ပြန်လည် ရရှိပါလိမ့်မည်။ အလုပ်ကိစ္စများ အတွက် စိတ်ချမ်းသာ စရာကောင်းဆုံး အချိန်ဖြစ်ပါသည်။ မိမိဖြစ်ချင်သည့် ကိစ္စများ၊ လုပ်ချင်လိုသော လုပ်ငန်များအား နည်းနည်း ကြိုးစားလျှင် များများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ အချစ်ရေးတွင် ချစ်သူသည် အချစ်ရေးကိစ္စ အစုံအညီတွင် အပြစ်မတွေး စိတ်ချ၍ ယုံကြည်နိုင်သော အခြေအနေ ဖြစ်စေကြောင်း သိသာရ စေပါလိမ့်မည်။ မိမိအနေဖြင့် ရည်စား မရှုပ်ပါနှင့် ၊ သီးခြား အလုပ်အဖြစ် အချိန်ပေး အပြစ်လုပ် မိပါလျှင် ကိုမချစ်ကိုယ် ကျန်ဖြင့် ကိုယ်ဖြစ် ကိုယ်ခံ ကြုံရ ပါလိမ့်မည်။
 
တနလာၤသားသမီး
ပတ်ဝန်းကျင်၏ မဟုတ်မမှန် လုပ်ကြံ ကျီဆယ်မှု၊ မကောင်းကြံစည်မှု၊ မလိုမုန်းထားမှု များကြောင့် စကားများ ရန်ဖြစ်ရမှု များကြုံရပါလိမ့်မည်။ အတူနေ ထိုင်ကြသူ အချင်းချင်းလည်း စည်းလုံး ညီညွှတ်မှု အားနည်းနေမည်။ အမြင်မကြည် လင်မှု များရှိနေ ပါလိမ့်မည်။ လက်ထဲတွင် ဥစ္စာငွေကြေး မမြဲတတ်ပါ။ ငွေအစုလိုက် အပုံ လိုက်ဖြင့် ထွက်တတ် ပါသည်။ ခရီးယာယီ ရှောင်ပါ။ အကြံအစည် စိတ်ကူးများ ပျက်စေ တတ်ပါသည်။ အရာရာတွင် ကြည့်နေ၊ ကြည့်စား၍ သတိထားသင့်သော ကာလဖြစ် ပါသည်။ အချစ်ရေးတွင် မိမိအနေဖြင့် ရွေးချယ် ထားမိသူမှ ရင်ဖွင့်ကာ ပြောလေမလား ဟူ၍ အဆင်သင့်စွာ သဘော အနေအထား လေ့လာမိ သည့်တိုင် ထူးခြားမှုမပြ သိသာမှု မရှိပါသော အခြေအနေ ဖြစ်ခဲ့ပါလျှင် အချိန်ကုန် မခံပါနှင့်၊ အလွယ်စာရင်းဆွဲ၍ သူငယ်ချင်း ထဲမှသာ ရွေးချယ်ဖြစ်ရန် စဉ်းစားပါ။
 
အင်္ဂါသားသမီး
စိတ်ပြေ လက်ပျောက် ခရီးထွက်လိုသော်လည်း မည်သည့်နေရာသို့ သွားရမည်ဟူ၍ မသိဘဲ ဖြစ်နေပါလိမ့်မည်။ သူတစ်ပါးကိစ္စ အတွက် အာမခံခြင်း၊ စာချုပ် စာတမ်းများတွင် လက်မှတ် ရေးထိုးခြင်းများအား ရှောင်ရပါလိမ့်မည်။ လူလိမ် ရွှေလိမ် ခံရပါလိမ့်မည်။ စီးပွားရေး ပြေလည်၍ လုပ်ငန်းများ အောင်မြင်မှု ရရှိပါ လိမ့်မည်။ အာရုံကြောနှင့် ဆိုင်သော ဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါသည်။ မိတ်ဆွေများ၏ မှီခိုအားထားမှု၊ ယုံကြည်လေးစားမှု ခံရပါ လိမ့်မည်။ အချစ်ရေးတွင် ချစ်သူ၏ နှစ်ဖက်ရပ် မမှန် တစ်ဖက် သက်ဆန်သော ညှိနှိုင်း ရရှိရန် ခက်ခဲနေခြင်းမျိုး ကြုံရပါလိမ့်မည်။
 
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးနံနှင့် စပ်လျဉ်းသည့် မကောင်းသတင်း များကြားသိရ တတ်ပါသည်။ မိမိနေထိုင်ရာ ဒေသမှ ဝေးသော ဒေသများသို့ သွားရောက်ရ တတ်ပါသည်။ ဝန်ထမ်းများ ရာထူးတိုး စာမေးပွဲ အောင်မြင်မှု ရရှိပါလိမ့်မည်။ ပညာရေး တွင်အထူး ကံကောင်း ပါလိမ့်မည်။ ယခင်က မရဘူးသော လာဘ်လာဘများ ရရှိပါလိမ့်မည်။ ကုန်သွယ်ခြင်း ဆိုင်ရာ လုပ်ငန်းနှင့် အတတ် ပညာရပ်များ တွင်အောင်မြင်မှု ရရှိပါလိမ့်မည်။ ရေချိုးမှား တတ်သည်။ လေထိုးလေအောင့် အထူး သတိထားပါ။ အချစ်ရေးတွင် ချစ်သူ၏ အရှိအလှဖြင့် အသွင်အနေထား အနေအေးသည့် စရိုက်ကြောင့် နီးစပ်နိုင်ရန် အလျင်မလိုမိ ပါစေနှင့် ၊ နှစ်ဖက်သော မိဘများ၏ အဆင်ပြေစွာ ခွင့်ပြုနိုင် မှုဖြစ်စေသော အရည်အချင်းပြည့်စုံ မှုဖြစ်စေရန် အဓိက လိုအပ်ကြောင်း သတိပြုရန် လိုပါလိမ့်မည်။
 
ကြာသပတေးသားသမီး
မိတ်ဆွေကောင်းများထံမှ မင်္ဂလာသတင်း စကားများ ကြားသိရပါလိမ့်မည်။ ဒုလ္လဘရဟန်း ခံရကိန်း ကြုံရတတ်ပါသည်။ ထီနှင့် ပတ်သက်၍ ကံကောင်းစေသော ကာလ ဖြစ်ပါသည်။ ထီပေါက်ကံ( သို့မဟုတ် ) ငွေအစုလိုက်ဖြင့် ရရှိခံစားရ စေသော ကံရှိပါသည်။ ပညာဂုဏ် သတင်းဖြင့် ကျော်စောခြင်း ဖြစ်စေတတ်ပါသည်။ မိမိသင်ယူရန် ဆန္ဒရှိသော ပညာများအား ယခုကာလတွင် သင်ယူရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ ဌာနဆိုင်ရာ အတွင်း ရာထူးတိုး ခံစားခွင့် ရရှိပါမည်။ အချစ်ရေး၌ ချစ်သူအပေါ်တွင် အကြောင်းမှန် အမျိုးမျိုးဖြင့် မည်မျှပင် ခွင့်လွှတ်နားလည် မှုပြုပေးခဲ့ ရသည် ဖြစ်စေ၊ မိမိ၏ တောင်းပန် တိုးလျှိုးစွာဖြင့် ပြောဆို ဆက်ဆံမှုအား တမင်ကြားလို၍ အနိုင်ယူနွဲ့ဆိုး ပြုမှုတတ်ခြင်း အတွက် တအားခက် ပါသော်လည်း မှားလျှက်သာ လိုက်လျောမှု ပြုနေရခြင်း မျိုးဖြစ်နေရပါ လိမ့်မည်။
 
သောကြာသားသမီး
သူငယ်ချင်း မိတ်ဆွေကောင်း များ၏ အရေးတယူ ကူညီစောင့်ရှောက်မှု ခံရပါလိမ့်မည်။ စီးပွားရေး ကိစ္စများတွင် စိတ်တိုင်း မကျစေရသော ဖြစ်ရပ်များ နှင့် ကြုံရပါ လိမ့်မည်။ ဖြစ်ချင်သော ဆန္ဒ၊ လုပ်ကိုင်ဆောင်ရွက် လိုသော ကိစ္စများ များနေသည့်တိုင် တစ်ခုမှ အကောင်အထည် ဖော်၍ မရနိုင်ခြင်း များဖြစ်နေပါလိမ့်မည်။ မိသားစု အချင်းချင်း နားလည် သိတတ်စွာဖြင့် ကူညီဖေးမမှု ရှိရန် လိုပါလိမ့်မည်။ အဆင်မပြေ ဖြစ်ပေါ် နေသော အိမ်ထောင်ဘက် အချင်းချင်း သဘော အထာလိုရင်းကို သိလွယ်တတ်သော လက်တွဲဖော်ဖြစ်သည့် အပြင် ကျေနပ်စရာ အပြုအမှုဖြင့် နေတတ်စွာ အတုယူ လေးစားဖွယ် ကောင်းစေသော စရိုက်များကြောင့် စိတ်ချမ်း သာမှုဖြစ်စေ ရပါလိမ့်မည်။
 
စနေသားသမီး
ဝင်ငွေ အစုလိုက် အပြုံလိုက် ရရှိစေသော ကံတရား ရှိနေပါသည်။ ထီမကြာ ခဏထိုးပေး သင့်ပါသည်။ မိမိ၏ ကြံစည် စိတ်ကူး ထားခြင်းများ လွဲချော်မှု ရှိနေ တတ်ပါသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြဿနာ ဖြစ်ရခြင်းများ ကြုံရတတ်ပါသည်။ လုပ်ငန်း ကိစ္စများတွင် အရှုံးပေါ်တတ်ခြင်း၊ ငွေမြုပ်နေခြင်း၊ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်နေမိခြင်းမျိုး ခံစားရ တတ်ပါသည်။ ဆွေမျိုး၊ မိတ်ဆွေ၊အပေါင်း အသင်းများနှင့် ဖြစ်စေ၊ တစ်အိမ်ထဲ အတူတူ နေထိုင်ကြသူ အချင်းချင်းဖြစ်စေ အပြောအဆို အနေအထိုင် မတတ်ခြင်းကြောင့် ပြဿနာ ရှင်းရတတ်ပါသည်။ အချစ်ရေးတွင် နှစ်ဦး နှစ်ဖက် မဖြစ်နိုင်သည်ကို အငြင်းပွားပြီး မိမိအလိုသို့ ပါလာအောင် အချိန်ကုန်ခံ၍ စည်းရုံးမနေ မိပါစေနှင့်၊ မိမိအပေါ် မချစ်နိုင် သည်ကို စဉ်းစား၍ လိုအပ်ချက် ပြည့်စုံနိုင်စေရန် ဦးစားပေး၍ ဖြည့်ဆည်းနိုင်မှသာ တူနှစ်ကိုယ် နီးစပ်မှုအတွက် လိုရင်းရောက် စေမည်ဖြစ် လာရပါလိမ့်မည်။
 
ရာဟုသားသမီး
အောင်မြင်တိုးတက်ခြင်း၊ အလိုပြည့်စုံခြင်းနှင့် ဘဝအခြေအနေ မြင့်မားတိုးတက်ခြင်းများ ရှိမည်။ စနစ်တကျ ကြိုတင် စီစဉ်ထားသည် များကို ရှေ့တိုး လုပ်၍မရ။ နှောင့်နှေးနေဦးမည်။ ရုတ်တရက် ဆောင်ရွက်သော ကိစ္စများသည် ကား ထူးခြားသော အောင်မြင်မှုများ ဖြစ်မည်။ ကောင်းသတင်းနှင့် တိုးတက်သော အကြောင်းအရာများ ဖြစ်ထွန်းမည်။ အကုန် အကျများမည်။ မှန်ထားသည်ထက်ပို၍ ငွေကုန်ရ ကိန်းကြုံမည်။ ကျန်းမာရေးဂရုစိုက်ပါ။
 
ခေတ်လူငယ်
 
 
 
 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCpenney Printable Coupons